ရုရှားရဲ့ စွမ်းအင်အပေါ် အားထားနေရမှု လျှော့ချဖို့ ဥရောပကို အမေရိကန်က သဘာဝဓာတ်ငွေ့ တင်ပို့မယ့် စီမံကိန်း သမ္မတဘိုင်ဒန် ကြေညာ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Podcast autorstwa BBC Burmese Radio

Podcast artwork

ရုရှားရဲ့ လောင်စာစွမ်းအင်အပေါ် အားထားနေရမှု လျှော့ချနိုင်ဖို့ ဥရောပကို အမေရိကန်က သဘာဝဓာတ်ငွေ့ တင်ပို့မယ့် စီမံကိန်းအကြောင်း သမ္မတဘိုင်ဒန်က ထုတ်ဖော်ကြေညာ၊ ပြီးခဲ့တဲ့ သီတင်းပတ်က မာရီယူပိုလ်မြို့က ပြဇာတ်ရုံတစ်ခုကို ရုရှားတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူ ၃ ရာလောက် သေဆုံးခဲ့တယ်လို့ အခုအခါ ခန့်မှန်းသိရကြောင်း မာရီယူပိုလ်မြို့ အာဏာပိုင်တွေက ပြော၊ ကျောက်ဆည်မြို့နယ်နဲ့ မြင်းမူမြို့နယ်တွေက ရဲစခန်းနဲ့ စစ်တပ် ကင်းစခန်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက တပ်အင်အား တိုးချထား၊ စစ်ကိုင်းတိုင်းတွင်းမှာ အုပ်ချုပ်ရေးစနစ် ပျက်ပြားနေပီး ဥပဒေစိုးမိုးမှု မရှိတဲ့အတွက် လုယက်မှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်ခံရမှုတွေ ပိုမိုများပြားလာနေ၊ ကယားပြည်နယ် ဖရူဆိုမှာ ဒီနေ့မနက်က တိုက်ပွဲတွေပြင်းထန်နေသလို တိုက်ပွဲမရှိတဲ့ ဒေသတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ နေအိမ်မီးရှို့တာတွေ ရှိနေ

Visit the podcast's native language site