ရုရှား ကျူးကျော်လာမယ်ဆိုတဲ့နေ့ကို နိုင်ငံတော်ညီညွတ်ရေးနေ့အဖြစ် ယူကရိန်းကြေညာ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Podcast autorstwa BBC Burmese Radio

Podcast artwork

ရုရှား ကျူးကျော်လာမယ်ဆိုတဲ့နေ့ကို နိုင်ငံတော်ညီညွတ်ရေးနေ့အဖြစ် ယူကရိန်းကြေညာ - မနက်ဖြန်ဗုဒ္ဓဟူးနေ့မှာ ယူကရိန်းထဲ ရုရှားဝင်လာတော့မယ်လို့ အမေရိကန် ထောက်လှမ်းရေး သတင်းတွေ ရရှိပြီးတဲ့နောက် ယူကရိန်း သမ္မတက အဲဒီနေ့ကို နိုင်ငံတော် သွေးစည်းညီညွတ်ရေးနေ့ အဖြစ် သတ်မှတ်ကြေညာ - ယူကရိန်းထဲ ရုရှား အလုံးအရင်းနဲ့ ဝင်တော့မှာကို ရှင်းရှင်းကြီး မြင်နေရပေမယ့် သံတမန်ရေးနည်းနဲ့ ဖြေရှင်းနိုင်သေးတယ်လို့ အမေရိကန် အိမ်ဖြူတော်ပြော - အားလုံး စိတ်အေးအေးထားကြဖို့၊ အခြေအနေ ပိုဆိုးသွားစေမယ့် ကြေညာချက်တွေ မထုတ်ပြန်ကြဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း - စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးကို ချန်ထားတဲ့ ကမ္ဘောဒီးယား ဖနွမ်းပင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ၃ ရက် အစည်းအဝေး ဒီနေ့စပြီ - မြန်မာကို နိုင်ငံရေးကိုယ်စားပြုခွင့်မပေးရေးမူ အာဆီယံ ဆက်လက်ကိုင်ဆွဲ - တန်းတူမှ မပါဝင်ရရင် ဘယ်သူ့ကိုမှ မလွှတ်ဘူးလို့ ဦးဝဏ္ဏမောင်လွင်ရဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဌာန တုန့်ပြန် - ဒါပေမယ့် အာဆီယံ ဥက္ကဌ ကမ္ဘောဒီးယား အပါအဝင် အဖွဲ့ဝင် နိုင်ငံတွေနဲ့ အပြုသဘော ပူးပေါင်းတာတွေ ဆက်လုပ်မယ်လို့ ကြေညာချက်ထဲ ပြောထား - ကိုဗစ်ကာကွယ်ဆေး ဆန်းကျင်ရေး ဆန္ဒပြပွဲတွေကို ကိုင်တွယ်ဖို့ ကနေဒါ ဝန်ကြီးချုပ် အရေးပေါ်အခြေအနေ အက်ဥပဒေကို အသက်သွင်း - လူမြင်ကွင်းမှာ စစ်တပ်ကိုနေရာချတာမျိုး ရှိလာနိုင်ပေမယ့် ရက်အကန့်အသတ်နဲ့သာ ဖြစ်ကြောင်း၊ ကျိူးကြောင်းဆီလျော် ညီညွတ်မှု ရှိမယ့်အပြင် အင်အားကိုထိန်းချုပ်ပြီး အကန့်အသတ်နဲ့သာ သုံးမယ့် အကြောင်း ကနေဒါဝန်ကြီးချူပ် မစ္စတာထရူးဒိုးကတိပြု စိုက်ပျိုးရေးကို အဓိကထားတဲ့ ရခိုင်မှာ ဟင်းသီးဟင်းရွက်ကို ပြည်မက မှာစားနေရတာ ဘာ့ကြောင့်လဲ ... ဘီဘီစီရဲ့ အထူးအစီအစဥ် ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com -

Visit the podcast's native language site